Tuesday, September 11, 2007

I'm Home... ( ပြန်ရောက်ပါပြီ ... ခင်ဗျ.. )

ကျွန်တော်ပြန်ရောက်ပါပြီခင်ဗျာ.. စာမေးပွဲအတောအတွင်းမှာ .. ဆုတောင်းပေးကြတဲ့ blogger မောင်နှမတွေရဲ့
မေတ္တာကြောင့် အသင့်အတင့်ဖြေနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်က ပျင်းတာရယ်.. ရန်ကုန်က မေးခွန်းရယ်ကြောင့်.. ထင်သလောက် မဖြေနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့စာမေးပွဲ မဖြေခင် ဆရာမအပြောင်းအလဲဖြစ်ပြီး ကျောင်းသားတွေလည်း အတော်စိတ်ညစ်ခဲ့ရပါတယ်။ Computer Graphic ဆရာမက နိုင်ငံခြားမှာ အလုပ်လျှောက်တာ ရသွားပါတယ်။ နိုင်ငံခြား ကုမ်ပဏီမှာ ဆိုပေမယ့် ရန်ကုန်မှာ လုပ်ရမှာပါတဲ့..။ အဲဒါနဲ့ လက်ချာတွေ ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားတော့
တာပါပဲ။ ဒီတော့ ဆရာမ အသစ်တစ်ယောက်က Graphic Course ကို ကိုင်ပါတယ်။ ဒေါက်တာပါတဲ့ ခင်ဗျာ..။
ဒေါက်တာဘွဲ့ရတဲ့ စစ်ဗိုလ် ကတော်ပါတဲ့။ သူ့ကိုယ်သူ အတော်အထင်ကြီးနေပုံပါပဲ။ အဲဒီ စစ်ဗိုလ်ကတော်က ကျွန်တော်တို့ အခန်းဝင်ပြီး စာသင်လို့.. မကြာပါဘူး... ကျောင်းသူတစ်ယောက်က ၀င်ခွင့်တောင်းပါတယ်။ ကတော်လည်း မျက်နှာကြီးတည်ပြီး ၀င်ခွင့်ပေးပါတယ်။ ခဏကြာတော့ သူကပြောပါတယ်။ အတန်းထဲကို သူရာက်ရင် အားလုံး စုံစုံညီညီ ရှိဖို့ .. စာသင်ချိန်မှာ hand phone တွေပိတ်ထားဖို့ရယ်ပါ...။ သူ့စာသင်ခန်းက..
ဇရပ်မဟုတ်ဘူးတဲ့ဗျာ...။ နောက်တော့ စာဆက်သင်ပါတယ်။ ခဏနေတော့.. phone မြည်သံကြားပါတယ်။ .
ကျွန်တော်တို့လည်း ... ဘယ်ကလည်းဆိုတာ .. လိုက်ရှာတာပေါ့...။ ကတော် ကလည်း ကျွန်တော်တို့ဘက်ကို
ဂြိုဟ်ကြည့်ကြည့်နေ... (အဲ... ) ဗိုလ် ကြည့် ကြည့်နေပါတယ်။ ၂စက္ကန့်လောက်နေတော့ သူ့ရဲ့ တင်းမာနေတဲ့ ဗိုလ် မျက်နှာကြီး ကို .. ပြန်ပြင်ပြီး .. သူ့ပိုက်ဆံအိတ် ဇစ်ဖွင့်... ဟန်းဖုန်းထုတ်ပြီး အပြင်ထွက်သွား
ပါတော့တယ်။ ၅မိနစ်လောက်နေတော့ ပြန်ဝင်လာပါတယ်။ စာပြန်သင်ပါတယ်။ ဖုန်းပြန်လာပါတယ်။ ပြန်ထွက်
သွားပါတယ်။ ကျွန်တော်လည်း စိတ်တိုတာနဲ့ ဇရပ်များမှတ်နေလား မသိဘူးလို့ ပြောလိုက်တယ်။ တော်ပါသေးတယ်။ မကြားလို့ ...။ သူငယ်ချင်းတွေကတော့ ရယ်ပြီး ထောက်ခံကြပါတယ်။ ပြီးတော့ စာသင်တာ
က နည်းနည်းရယ်ပါ..။ သူ့ရဲ့ လခ.. သိန်းချီ ရတာတွေ၊ အိမ်မှာ ကားဘယ်နှစ်စီး ရှိတာတွေပဲ .. lecture လိုက်ခဲ့
ရပါတယ်။ တော်တော်မျက်နှာပြောင်တာပဲလို့... ငရဲမကြောက် ဘဲ .ကောက်ချက်ချမိပါတယ်။.. ဒီလိုလူတွေ
အများကြီး ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ပြီး ဓနဂုဏ်မောက် နေကြတာတွေပါ..။ အဲဒီမှာ မှ.. စစ်ဗိုလ်
ဂုဏ်မောက်တာက အဆိုးဆုံးပါ...။ သနားစရာတောင် ကောင်းပါတယ်။ စပ်လည်းစပ်ဆုပ်မိပါတယ်။ ပြောရဦးမယ်..။ အဲဒီ ဆရာမ က... စာနားမလည်လို့ ပြန်မေးရင်... မကြည်ပါဘူး။ နားလည်လည်.. မလည်လည်..
ခေါင်းညိတ်နေရင်.. ကျေနပ်ပါတယ် တဲ့ခင်ဗျာ... ။ မကျေနပ်ချက်လေးတွေပါ..။ Blogger မောင်နှမတွေထဲက..
UCSM ကဆိုရင် .. အဲဒီ ဆရာမကို ကောင်းကောင်း သိပါလိမ့်မယ် ခင်ဗျာ... ။

No comments: