Tuesday, September 11, 2007

I'm Home... ( ပြန်ရောက်ပါပြီ ... ခင်ဗျ.. )

ကျွန်တော်ပြန်ရောက်ပါပြီခင်ဗျာ.. စာမေးပွဲအတောအတွင်းမှာ .. ဆုတောင်းပေးကြတဲ့ blogger မောင်နှမတွေရဲ့
မေတ္တာကြောင့် အသင့်အတင့်ဖြေနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်က ပျင်းတာရယ်.. ရန်ကုန်က မေးခွန်းရယ်ကြောင့်.. ထင်သလောက် မဖြေနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့စာမေးပွဲ မဖြေခင် ဆရာမအပြောင်းအလဲဖြစ်ပြီး ကျောင်းသားတွေလည်း အတော်စိတ်ညစ်ခဲ့ရပါတယ်။ Computer Graphic ဆရာမက နိုင်ငံခြားမှာ အလုပ်လျှောက်တာ ရသွားပါတယ်။ နိုင်ငံခြား ကုမ်ပဏီမှာ ဆိုပေမယ့် ရန်ကုန်မှာ လုပ်ရမှာပါတဲ့..။ အဲဒါနဲ့ လက်ချာတွေ ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားတော့
တာပါပဲ။ ဒီတော့ ဆရာမ အသစ်တစ်ယောက်က Graphic Course ကို ကိုင်ပါတယ်။ ဒေါက်တာပါတဲ့ ခင်ဗျာ..။
ဒေါက်တာဘွဲ့ရတဲ့ စစ်ဗိုလ် ကတော်ပါတဲ့။ သူ့ကိုယ်သူ အတော်အထင်ကြီးနေပုံပါပဲ။ အဲဒီ စစ်ဗိုလ်ကတော်က ကျွန်တော်တို့ အခန်းဝင်ပြီး စာသင်လို့.. မကြာပါဘူး... ကျောင်းသူတစ်ယောက်က ၀င်ခွင့်တောင်းပါတယ်။ ကတော်လည်း မျက်နှာကြီးတည်ပြီး ၀င်ခွင့်ပေးပါတယ်။ ခဏကြာတော့ သူကပြောပါတယ်။ အတန်းထဲကို သူရာက်ရင် အားလုံး စုံစုံညီညီ ရှိဖို့ .. စာသင်ချိန်မှာ hand phone တွေပိတ်ထားဖို့ရယ်ပါ...။ သူ့စာသင်ခန်းက..
ဇရပ်မဟုတ်ဘူးတဲ့ဗျာ...။ နောက်တော့ စာဆက်သင်ပါတယ်။ ခဏနေတော့.. phone မြည်သံကြားပါတယ်။ .
ကျွန်တော်တို့လည်း ... ဘယ်ကလည်းဆိုတာ .. လိုက်ရှာတာပေါ့...။ ကတော် ကလည်း ကျွန်တော်တို့ဘက်ကို
ဂြိုဟ်ကြည့်ကြည့်နေ... (အဲ... ) ဗိုလ် ကြည့် ကြည့်နေပါတယ်။ ၂စက္ကန့်လောက်နေတော့ သူ့ရဲ့ တင်းမာနေတဲ့ ဗိုလ် မျက်နှာကြီး ကို .. ပြန်ပြင်ပြီး .. သူ့ပိုက်ဆံအိတ် ဇစ်ဖွင့်... ဟန်းဖုန်းထုတ်ပြီး အပြင်ထွက်သွား
ပါတော့တယ်။ ၅မိနစ်လောက်နေတော့ ပြန်ဝင်လာပါတယ်။ စာပြန်သင်ပါတယ်။ ဖုန်းပြန်လာပါတယ်။ ပြန်ထွက်
သွားပါတယ်။ ကျွန်တော်လည်း စိတ်တိုတာနဲ့ ဇရပ်များမှတ်နေလား မသိဘူးလို့ ပြောလိုက်တယ်။ တော်ပါသေးတယ်။ မကြားလို့ ...။ သူငယ်ချင်းတွေကတော့ ရယ်ပြီး ထောက်ခံကြပါတယ်။ ပြီးတော့ စာသင်တာ
က နည်းနည်းရယ်ပါ..။ သူ့ရဲ့ လခ.. သိန်းချီ ရတာတွေ၊ အိမ်မှာ ကားဘယ်နှစ်စီး ရှိတာတွေပဲ .. lecture လိုက်ခဲ့
ရပါတယ်။ တော်တော်မျက်နှာပြောင်တာပဲလို့... ငရဲမကြောက် ဘဲ .ကောက်ချက်ချမိပါတယ်။.. ဒီလိုလူတွေ
အများကြီး ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ပြီး ဓနဂုဏ်မောက် နေကြတာတွေပါ..။ အဲဒီမှာ မှ.. စစ်ဗိုလ်
ဂုဏ်မောက်တာက အဆိုးဆုံးပါ...။ သနားစရာတောင် ကောင်းပါတယ်။ စပ်လည်းစပ်ဆုပ်မိပါတယ်။ ပြောရဦးမယ်..။ အဲဒီ ဆရာမ က... စာနားမလည်လို့ ပြန်မေးရင်... မကြည်ပါဘူး။ နားလည်လည်.. မလည်လည်..
ခေါင်းညိတ်နေရင်.. ကျေနပ်ပါတယ် တဲ့ခင်ဗျာ... ။ မကျေနပ်ချက်လေးတွေပါ..။ Blogger မောင်နှမတွေထဲက..
UCSM ကဆိုရင် .. အဲဒီ ဆရာမကို ကောင်းကောင်း သိပါလိမ့်မယ် ခင်ဗျာ... ။

Sunday, August 19, 2007

တော်လိုက်တာနော်.....

တစ်ခါက လေယာဉ်ကြီးပေါ်မှာ .. သိပ်ပံပညာရှင်ကြီး တစ်ယောက်ကို ပညာစမ်းသပ်ဖို့ ခေါ်လာသတဲ့ကွယ်..။ တစ်နေရာ အရောက်မှာ ..လေယာဉ်ရပ်ပြီး ပညာရှင်ကြီးကို မေးတာပေါ့..။ အခုဘယ်ရောက် နေပြီလဲတဲ့။ ပညာရှင်ကြီး က မျက်စေ့တောင် မဖွင့်ဘူး..။ သူ့လက်ကို အပြင်ထုတ်လိုက်တယ်.. ။ ပြီးတော့ နှာခေါင်းနားကပ်ပြီး
နမ်းကြည့် တယ်။ ... " Paris ရောက်နေပြီဗျ " တဲ့..။ အားလုံးက အံ့သြပြီး မေးတာပေါ့.. ဘယ်လိုသိတာလဲလို.။
" ရေမျွေးနံ့ ရတယ်လေဗျာ... " တဲ့...။ အားလုံးက ချီးကျူးကြတာပေါ့... " ပညာရှင်ကြီး တော်ပါပေတယ် " ပေါ့..။
နောက်တစ်နေရာရောက်တော့ .. မေးပြန်ရောတဲ့...။ အရင်တစ်ခါလိုပဲ .. လက်ကိုအပြင်ထုတ်ပြီး နမ်းကြည့်တော့..
" ကာလကတ္တားရောက်နေပြီ ဗျ " တဲ့.. ။ အရင်လိုမေးကြတော့... ပြန်ဖြေတယ်။ " ဟင်းခတ်အမွေးအကြိုင်နံ့ ရတယ် ဗျ " တဲ့...။ နောက်တစ်နေရာလည်းရောက်ရော.... မေးကြပြန်ရော .... ။ အရင်အတိုင်းပဲ .. လက်ကို အပြင်
ထုတ်လိုက်တယ်တဲ့။ ပြီးတော့ နမ်းတောင် မနမ်းရသေးဘူး။ သူ့လက်တွေကို ကြည့်ပြီး.. မျက်လုံးပြူး..မျက်ဆန်ပြူးနဲ့ပြောတယ် ... " ဟာ.. မြန်မာပြည်က .. ရန်ကုန်မြို့ကို ရောက်နေပြီဗျ ... " တဲ့... ။
အားလုံးက ၀ိုင်းမေးကြတာပေါ့.. နမ်းတောင်မကြည့်ရသေးဘူး။ ဘယ်လိုပြောနိုင်တာလဲလို့ပေါ့...
သူကငိုသံပါကြီး နဲ့ပြန်ဖြေတယ်... " ကျုပ်လက်က ... လက်ပတ်နာရီ မရှိတော့ဘူးဗျ .... " ကဲ ....

Never Be Replaced ... ( Friends 4ever )

တစ်နေ့ ခွဲရမယ့် အတူ
အစကတည်းက မဆုံခဲ့ရင် အကောင်းသား ..
ခုတော့ .........
သံယောဇဉ်ကြိုးတွေ ခိုင်မြဲကာမှ
ကံကြမ္မာ ဇာတ်ဆရာက ..
အငြိမ်မနေ.. ခွဲခိုင်းပြန်ပြီ

လာစမ်းပါကွာ ...
ကံကြမ္မာဆိုတဲ့ ငနဲကြီး ..
စိမ်ခေါ်လိုက်စမ်းပါ ..
သူဘယ်လိုနည်းနဲ့
တို့တွေ ဘ၀ကို ချုပ်ကိုင်ထားပါစေ..
တို့ရင်ထဲက နှလုံးသားချင်းကတော့
အမြဲ နီးနီးလေးပါကွာ .... ။

Saturday, August 18, 2007

တိတ်တခိုး ...

မြင်ပါလျှက် ...
ကြည့်ဖို့ခက်သား ....
ကြင်ပါလျှက်
သိဖို့ခက်သား ...

ပျော်ပါလျှက်
နားဖို့ခက်သား ..
ခေါ်ပါလျှက်
သွားဖို့ခက်သား ..

ပေးပါလျှက်
ရဖို့ခက်သား ..
ကျွေးပါလျှက်
ဝ ဖို့ခက်သား ..

ပူမချိပေမယ့် ..
သူသိလျှင် အနေခက်မယ် ...
ကွယ်ဝှက်ကာ ရင်မှာသိပ်
ကြိတ်မှိတ်ခံစား ..... ။

Thursday, August 16, 2007

ကျုပ်တို့ဆီမှာ .. ဒါမျိုးတွေပေါတယ်ဗျ ...

တစ်ခါတုန်း က .. လေယာဉ်တစ်စီးပေါ်မှာ ... Switzerland ကခေါင်းဆောင်ကြီးရယ်... ၊ French ကခေါင်းဆောင်ကြီးရယ်... တရုတ်ခေါင်းဆောင်ကြီးရယ် ...၊ တို့ဗမာနိုင်ငံ က ခေါင်းဆောင်ကြီးရယ် .. စီးနင်းလိုက်ပါ လာကြတာပေါ့ကွယ်... ငှယ် .. ငှယ်.... ခဏကြာတော့ .. Switzerland ကခေါင်းဆောင်ကြီး က...
သူ့ လက်ပတ်နာရီ ကိုကြည့်ပြီး ... "ဟာ... တစ်စက္ကန့် နောက်ကျနေပြီ" တဲ့...သွားစမ်းကွာ .. ဆိုပြီး လေယာဉ်ပေါ်
ကနေ .. ၀ဲပစ်လိုက်တာပေါ့.... အားလုံးကအံ့သြပြီးမေးကြတယ်။ သိန်းပေါင်းများစွာတန်တဲ့ နာရီကြီးကိုး ... သူက
ပြန်ပြောတယ်... "ကျုပ်တို့ ဆီမှာ ဒါမျိုးတွေပေါတယ်ဗျ ... တစ်စက္ကန့်လောက် နောက်ကျရင်.. မသုံးတော့ဘူး " တဲ့။
နည်းနည်းလောက်လည်း ကြာရော .. French ကခေါင်းဆောင်ကြီး က ... သူ့အကျီ ကော်လံကို နမ်းကြည့်ပြီး ..
ရေမွှေးနံ့ ကခေါင်းတောင် မူးလာပြီ ဆိုပြီး သိန်းပေါင်းများစွာ တန်တဲ့ ရေမွေးပုလင်းကြီး ကို လေယာဉ်ပေါ်ကနေ .
ဝဲပစ်လိုက်တာပေါ့ကွယ်... သူက ပြောလိုက်သေးတယ် ... "ကျုပ်တို့ က ... ရေမွေးကို အမျိုးမျိုး သုံးတာဗျ.. နည်းနည်းလောက် စောက်သုံးမကျရင် .. ၀ဲပစ်လိုက်တာပဲ " ... တဲ့... အဲဒီ စကားတွေကြားပြီး ... တို့ဗမာနိုင်ငံ
ရဲ့ခေါင်းဆောင်ကြီး က မျက်နှာငယ်နေတာပေါ့ကွယ်...။ ခဏကြာတော့ အကြံ တစ်ခုရပြီး ... သူ့ဘေး က...
တရုတ်ခေါင်းဆောင်ကြီးကို ... လေယာဉ်ပေါ်ကနေ . ကန်ချလိုက်ပါရောတဲ့..။ ပြီးတော့ အံ့သြနေတဲ့ လူတွေကို
ပြုံးပြီး ပြောပြလိုက်တယ်။ ကျုပ်တို့ဆီမှာ .. ဒါမျိုးတွေ ပေါတယ်ဗျ .... တဲ့... အေးရော ..... :P

ထာဝရ

ပွင့်လျှင်လည်း .. နမ်း ..
နွမ်းလျှင်လည်း .. ကောက်
ခြောက်လျှင်လည်း .. သိမ်း
တိမ်းညွတ် .. တွယ်မက်
သည် တစ်သက်မှာ
တစ်ပွင့်သာလျှင် ...
စွဲလမ်းနေမည် ..
ဝေေ၀ ..
ကြွေကြွေ ....
မြတ်နိုးဧ။် .... ၊

အာမငီး ....... တက်ကုန်ပြီဗျ ....

အခု ဗမာပြည်မှာ ဓာတ်ဆီဈေးတွေ တက်ကုန်တာပါ... ပြည်သူတွေ တော်တော် ဒုက္ခရောက် ကုန်ပါပြီဗျာ...
ကျောင်းကားခတွေလည်း ၁၅၀ ကနေ ၃၀၀ တက်မယ်လို့ကြားပါတယ်။ လူတွေမှ ထမင်း နပ်မှန်အောင် မနည်း
စားနေရတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ဗမာပြည်က တဖြည်းဖြည်းတိုးတက်လို့ လာနေပါပြီ။ ကျုပ်တို့နိုင်ငံမှာ
တိုးတက်တာ ဆိုလို့ ကုန်ဈေးနှုန်း တစ်ခုပဲရှိတယ်ဗျ။ အိမ်ကလည်း အပြင်ထွက်ရင် အရင်လိုမဟုတ်တော့ပါဘူး။
ဘယ်သွားမှာလဲ .. အပြင်ပဲထွက်နေတာပဲ ... ဓာတ်ဆီဈေးတွေက ဘာဖြစ်တယ်။.... ညာဖြစ်တယ် နဲ့ .....
မကောင်းပါဘူးဗျာ ... ကျွန်တော်တို့လူငယ်တွေ အတွက်လည်း မကောင်း ... ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။