Thursday, August 16, 2007

ကျုပ်တို့ဆီမှာ .. ဒါမျိုးတွေပေါတယ်ဗျ ...

တစ်ခါတုန်း က .. လေယာဉ်တစ်စီးပေါ်မှာ ... Switzerland ကခေါင်းဆောင်ကြီးရယ်... ၊ French ကခေါင်းဆောင်ကြီးရယ်... တရုတ်ခေါင်းဆောင်ကြီးရယ် ...၊ တို့ဗမာနိုင်ငံ က ခေါင်းဆောင်ကြီးရယ် .. စီးနင်းလိုက်ပါ လာကြတာပေါ့ကွယ်... ငှယ် .. ငှယ်.... ခဏကြာတော့ .. Switzerland ကခေါင်းဆောင်ကြီး က...
သူ့ လက်ပတ်နာရီ ကိုကြည့်ပြီး ... "ဟာ... တစ်စက္ကန့် နောက်ကျနေပြီ" တဲ့...သွားစမ်းကွာ .. ဆိုပြီး လေယာဉ်ပေါ်
ကနေ .. ၀ဲပစ်လိုက်တာပေါ့.... အားလုံးကအံ့သြပြီးမေးကြတယ်။ သိန်းပေါင်းများစွာတန်တဲ့ နာရီကြီးကိုး ... သူက
ပြန်ပြောတယ်... "ကျုပ်တို့ ဆီမှာ ဒါမျိုးတွေပေါတယ်ဗျ ... တစ်စက္ကန့်လောက် နောက်ကျရင်.. မသုံးတော့ဘူး " တဲ့။
နည်းနည်းလောက်လည်း ကြာရော .. French ကခေါင်းဆောင်ကြီး က ... သူ့အကျီ ကော်လံကို နမ်းကြည့်ပြီး ..
ရေမွှေးနံ့ ကခေါင်းတောင် မူးလာပြီ ဆိုပြီး သိန်းပေါင်းများစွာ တန်တဲ့ ရေမွေးပုလင်းကြီး ကို လေယာဉ်ပေါ်ကနေ .
ဝဲပစ်လိုက်တာပေါ့ကွယ်... သူက ပြောလိုက်သေးတယ် ... "ကျုပ်တို့ က ... ရေမွေးကို အမျိုးမျိုး သုံးတာဗျ.. နည်းနည်းလောက် စောက်သုံးမကျရင် .. ၀ဲပစ်လိုက်တာပဲ " ... တဲ့... အဲဒီ စကားတွေကြားပြီး ... တို့ဗမာနိုင်ငံ
ရဲ့ခေါင်းဆောင်ကြီး က မျက်နှာငယ်နေတာပေါ့ကွယ်...။ ခဏကြာတော့ အကြံ တစ်ခုရပြီး ... သူ့ဘေး က...
တရုတ်ခေါင်းဆောင်ကြီးကို ... လေယာဉ်ပေါ်ကနေ . ကန်ချလိုက်ပါရောတဲ့..။ ပြီးတော့ အံ့သြနေတဲ့ လူတွေကို
ပြုံးပြီး ပြောပြလိုက်တယ်။ ကျုပ်တို့ဆီမှာ .. ဒါမျိုးတွေ ပေါတယ်ဗျ .... တဲ့... အေးရော ..... :P

No comments: