Tuesday, August 7, 2007

ကျောင်းတော်ကြီးမှာဗျာ ...........

ကျွန်တော်က ကွန်ပျူတာကျောင်းကဆိုတော့ ကျောင်းတော်ကြီးအကြောင်း နည်းနည်း အတင်းအုပ်ချင်ပါတယ်.. အတင်းအုပ်တယ် ဆိုတာလည်းအမှန်တရားတွေကိုပဲပြောမှာပါဗျာ.. ။ စာမေးပွဲလည်းနီးပါပြီ..။ ဆရာမတွေကို
စော်ကားသလိုဖြစ်ပြီးစာမေးပွဲ ကျမှာလည်း သေလောက်အောင်ကြောက်ပါတယ်။ :P
ကျောင်းပဒေသာကပွဲ မှာလည်း ဆရာမတွေကို ရေရေလည်လည် နှိပ်ကွပ်ခဲ့လို့ မာမီတော်ကြီးရဲ့ မျက်စောင်းကို
အကြိမ်ကြိမ်ခံခဲ့ ရဖူးပါပြီ။ အဲ.. ဘယ်ရောက်သွားပါလိမ့်။
ဟုတ်ကဲ့ .. ကျွန်တော် အခုန ကပြောသလို စာမေးပွဲနီးပါပြီ... စာမေးပွဲနီးပြီဆိုရင်ဖြင့် ကျွန်တော်တို့ကျောင်းသား
တွေမှာ ကြုံတွေ့ရတဲ့ ဒုက္ခလေးတွေရှိပါတယ်..။ တခြားမဟုတ်ပါဘူး။ စာအုပ်မရှိကြတာပါ။ စာအုပ်မရှိဘူးဆိုလို့
လည်း ကျွန်တော်တို့ကို အပြစ်တင်မစောပါနဲ့ဗျာ... ကျွန်တော်တို့ ကွန်ပျူတာကျောင်းရဲ့ အားနည်းချက် က
ပြထန်းစာအုပ် မရနိုင်တာပါပဲ။ စာအုပ်တွေကို ရန်ကုန်ကနေ မှာယူရပါတယ်။ မန္တလေးက စာအုပ်မထုတ်ပါဘူး။
မဖြစ်သင့်တာကို ပြောပါတယ်။ ကျွန်တော်တို့ နှစ်စဉ်ကျောင်းအပ်အပ်ချင်း ပြထန်းစာအုပ်ကို တိုးဝှေ့ပြီး အမြန်ဝယ်ကြရပါတယ်။ မိန်းကလေးတွေလည်း အဲသည်လိုအချိန်ဆို ပဲမများနိုင်ကြတော့ပါဘူး။ သူလိုကိုယ်လို တိုးဝှေ့ပြီး ၀ယ်ကြရတာပါပဲ။ တကယ်သနားစရာပါ။ အဲသည်အချိန်ကသာ မတိုးနိုင်လို့မ၀ယ်တော့ဘူး ဆိုလို့ ကတော့ သည်စာသင်နှစ်တစ်နှစ် အတွက်ပြထန်းစာအုပ် မမျှော်ကိုးပါနဲ့တော့..။ စာမေးပွဲ ဖြေကာနီး ရက် ၂၀ လောက် အလိုမှရတော့ တာပါပဲ..။ ဘာလုပ်တော့မှာလည်းဗျာ။ နောင်နှစ် အတွက် စာအုပ်ရောက်ပေးသလို ဖြစ်
နေပြီကော။ ဒါတောင်မှ တလောက ကျွန်တော်တို့ ဂုန်ထူးတန်းမှာ Artificial Intelligence စာအုပ်ယူမယ့် လူစာရင်း လာကောက်သွားပါတယ်။ တော်တော်ကြာပါပြီ။ Mid-Term အပြီးလောက်တုန်းက စာရင်းကောကတာပါ။ ကျွန်တော်တို့မှာလည်း လည်တဆန့်ဆန့်နဲ့ပေါ့။ အခုစာမေးပွဲ (၁)လအလိုကျမှ ဆရာမတွေက ပြောပါတယ်။ စာအုပ်တွေရောက်ပြီတဲ့။ ကျွန်တော်တို့လည်းအပြေးသွားဝယ်တာပေါ့။ နောက်မှသိရတာက အခုရောက်တဲ့ စာအုပ်တွေ က ကျောင်းကသင်တဲ့ Edition မဟုတ်ဘူး။ အခြား Version တဲ့ဗျာ။ သေရောပေါ့။ ဘယ်သူ့ကို မကျေနပ်လို့ ဘယ်သူ့ကို ကျိန်ဆဲရမလဲ မသိတော့ပါဘူးဗျာ။ ဒါနဲ့ပဲ ဘယ်သူ့ကိုမှ မကျိန်ဆဲပဲကုပ်ကုပ် ကလေးပြန်လာခဲ့ရပါတယ်။
နောက်တစ်ခုက ကျောင်းမှာ Tutorial ဖြေကြတဲ့ အကြောင်းပါ။ သည်လိုနေ့မျိုးဆိုရင်ကျောင်းမှာ လူစုံပါတယ်။ လူစုံတော့ ကျောင်းကားတွေ ကျပ်ပါတယ်။ ကျောင်းသားတွေ အတော်လေး ဒုက္ခရောက်ကြပါတယ်။ မတ်တပ်ရပ်ဖို့ နေရာတောင် မရတဲ့ ကျောင်းသူလေးတွေဆိုရင် အပေါက်ဝမှာ ဘုရားတပြီး ကားစီး ကြရပါတယ်။ Tutorial ဖြေတဲ့ တစ်ရက် ကျွန်တော်နောက်ကျမှ ပြီးပါတယ်။ စာဖြေရတာများလို့ပါ။ ကျွန်တော်
ကားဂိတ်ရောက်တော့ ကျောင်းကားတွေတောင် ထွက်တော့မှာပါ။ ကျွန်တော့နောက်မှာ ကျောင်းသားမရှိတော့
ပါဘူး။ ကျွန်တော်နောက်ဆုံးပါ။ ဒါနဲ့ တွေ့ရာကားကို ဇွတ်တိုးတက် လိုက်ပါတယ်။ ကားကအတော်လေး ကျပ်ပါတယ်။ ကားပေါ်လည်း ရောက်ရော.. ကျောင်းမှာမျက်မှန်းတန်းမိနေတဲ့ ကောင်မလေး တစ်ယောက်ပါ။
တတိယနှစ်ကပါ။ ကျွန်တော့ကို မကြားတကြားပြောတယ်။ သည်လောက် ကားကြပ်နေတာကို အတင်းတိုးတက် လာတယ်တဲ့။ ကျွန်တော် ထောင်းကနဲ ဒေါသထွက်သွားတယ်။ ဒါနဲ့ ကျောင်းသား ကကျောင်း ကားမစီးလို့ ဘယ်ကား သွားစီးရမလဲ။ ကျောင်းသား တွေ အကုန် ဒုက္ခရောက်နေတာ။မင်းတို့ကျောင်းသားတွေ မဟုတ်ဘူးလား။ ကိုယ်ချင်းစာ စိတ်ဒတ်ကို မရှိကြဘူး။ ဆိုပြီး ပေါက်ကွဲပစ်လိုက်တယ်။ ကျွန်တော်တော်တော်
စိတ်တိုသွားတာ။ ကျွန်တော် အပြောခံ ရလို့ စိတ်တိုတာမဟုတ်ပါဘူးဗျား။ သူတို့ရဲ့စိတ်ဒတ်တွေ ကိုပါ။
သည်လို အတူတူ ဒုက္ခရောက်တာကိုတောင် ကျောင်းသားချင်း မစည်းလုံး ကြရင်.. မပြောကောင်းမဆိုကောင်း
ဗျာ.. ဆိုပါစို့.. ကျွန်တော်တို့ ကို အုပ်ကြီး က ပင်ပန်ျးမှာစိုး လို့ စေတနာတွေနဲ့ တစ်ယောက်ကို ထိုင်ခုံ တစ်ခုံစီ
ထိုင်လိုက်ရမယ် ဆိုပါစို့။ စကားအဖြစ်ပြောတာပါ။ မပြောသင့် မပြောအပ်တဲ့ အရာမှန်းလည်းသိပါတယ်။ သည်လို ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘ၀င်တွေ လေဟပ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံတွေဖြစ်ကုန်
ကျြမှာဗျ။ စိတ်လည်းတိုတယ်။ အရမ်းလည်း ၀မ်းနည်းတယ်ဗျာ။။
ကြီးကြီးကျယ်ကျယ် စကားလုံးလေး သုံးလိုက်ပါဦးမယ်ဗျာ။ သည်လို ကျောင်းသားတွေ မစည်းလုံးကြလို့
ဗမာပြည်ကြီး သည်လိုဖြစ်နေတာဗျ။ သိရဲ့ လား။

No comments: